10Th Annual General of Myanmar Business Executives Association

Home / News / 10Th Annual General of Myanmar Business Executives Association

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း၏ နှစ်ပတ်လည်အထွေထွေ အစည်းအဝေး (2017-2018) အား (29.9.2018) ရက်နေ့ မွန်းလွဲပိုင်း၌ Pan Pacific Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အသင်းနာယက အဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ UMFCCI အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသည့် မိတ်ဖက် အဖွဲ့အစည်း အသီးသီးမှ အထူးဧည့်သည်တော်များ၊ အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ နှင့် ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အသင်းနာယက ဆရာကြီး၊ ဆရာမကြီး များမှ အမှာစကား ချီးမြှင့်ခြင်း၊ အထွေထွေ အတွင်းရေးမှူးမှ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ အသင်းနှင့် UMFCCI အသင်းချူပ်၏ SME Committee တို့အကြား နားလည်မှုစာချွှန်လွှာ လက်မှတ် ရေးထိုးခြင်း၊ ဘဏ္ဍာရေးမှူးမှ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့အား အတည်ပြုခြင်း၊ အသင်းကော်မတီ (6) ခုမှ ကော်မတီအလိုက် စည်းရုံးဆွဲဆောင် ဆွေးနွေးခြင်း LEAD Program တွင် ပါဝင်ခဲ့ကြသော အသင်းဝင် Trainer များ၊ အသင်းဝင် Mentor များ နှင့် အသင်းဝင် တာဝန်ခံများအား ဂုဏ်ပြုခြင်း၊ President Award ရရှိသူ အသင်းဝင်များအား ဂုဏ်ပြုခြင်း၊ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း ၊ အသင်း ဒုဥက္ကဋ္ဌ (1) မှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခြင်း ၊ တက်ရောက်လာကြသော အသင်းဝင်များ ဧည့်သည်တော်များနှင့် ဝန်ထမ်းများ စုပေါင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခြင်း စသည့် အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက် ခမ်းနား အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

အသင်းသားရေးရာကော်မတီ
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း