Career Enhancement Program

Myanmar Business Executives Association(MBE) နှင့် INEDUCO, Switzerland တို့ ပူးပေါင်းဖွင့်လှစ်မည့် KV Zurich Business School အသိအမှတ်ပြု လက်မှတ်ရ သင်တန်းများသည် ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်သည့်အတွက် သင်တန်းမှတ်ပုံတင်ကြေး (Basic Course – 20000 kyats), (Advanced Course – 20000 kyats) မှအပ အခြားမည်သည့် အခကြေးငွေမျှ ပေးသွင်းရန် မလိုသည့် သင်တန်းများ ဖြစ်ပါသည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။
  • အနိမ့်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူဖြစ်ရမည်။
  • သတ်မှတ် သင်တန်းချိန်အတိုင်း မပျက်မကွက် တက်ရောက်နှိုင်သူ ဖြစ်ရမည်။
  • SME Development သင်တန်းအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရန် ကြံရွယ်နေသူများကို ဦးစားပေးပါမည်။
  • Financial Accounting နှင့် Micro Finance သင်တန်းများအတွက် သက်ဆိုင်ရာနယ်ပယ်တွင် လက်ရှိလုပ်ကိုင်နေပြီး လုပ်ငန်း လိုအပ်ချက်အရ သင်တန်းတက်ရောက်လိုသူများကို ဦးစား ပေးပါမည်။
  • သတ်မှတ် သင်တန်းချိန်ပြည့်မီသူများ
  • တစ်ဦးချင်း / အဖွဲ့လိုက် ဆောင်ရွက်ရမည့် Presentation, Assignment, Business Plan စသည်တို့ကို သတ်မှတ်ကာလအတိုင်း အချိန်မီ ဆောင်ရွက်သူများ
  • သက်ဆိုင်ရာ သင်တန်းအလိုက် အရည်အချင်း စစ်ဆေးမှု အောင်မြင်သူများ ကိုသာ Certificate ထုတ်ပေးပါမည်။

လျှောက်လွှာနှင့်ပတ်သက်သည့် အချက်အလက်များ

  • လျှောက်ထားလိုသူများသည် သင်တန်းတည်နေရာ (BCB Centre) ၌လျှောက်လွှာများကို အခမဲ့ထုတ်ယူပြီး လျှောက်လွှာတင်ရမည့် နောက်ဆုံးသတ်မှတ်ရက်ထက် မကျော်လွန်စေဘဲ ပြန်လည် လျှောက်ထားရမည်။
  • လျှောက်လွှာနှင့်အတူ
    • ဓါတ်ပုံ (၃) ပုံ
    • မှတ်ပုံတင်မိတ္တူ
    • ပညာအရည်အချင်းလက်မှတ်မိတ္တူများ
    • အလုပ်အကိုင်မှ သင်တန်းကို တက်ရောက်ခွင့်ပြုကြောင်းထောက်ခံချက်
    • မည်သည့်အတွက် မိမိအားသင်တန်းတက်ရောက်ခွင့် ပြုသင့်ကြောင်း နှင့် သင်တန်းမှရရှိသော ပညာကို မည်သို့ အသုံးချရန် ရည်ရွယ်ထားကြောင်း ပင်ကိုယ်ရေး စာတစ်ပုဒ်တို့ ပါဝင်ရပါမည်။
  • လျှောက်လွှာနှင့်အတူ ပါဝင်ရမည့် အချက်အလက်များပြည့်စုံမှသာ လူတွေ့စစ်ဆေးရန် ခေါ်ယူပါမည်။